ဗဟုတများ

ကွန်ပျူတာ Error များကို Software အသုံးပြု၍ဖြေရှင်းခြင်း
computer_error
computer_error
ကွန်ပျူတာများကိုအသုံးပြုရာတွင် ကွန်ပျူတာ၏စွမ်းဆောင်နိုင်မှုကို အပြည့်အ၀အသုံးပြုစေနိုင်ရန်အတွက် ကွန်ပျူတာများအတွင်းဖြစ်ပေါ်နေသည့် Error များကို ရှင်းလင်းပေးရန်လိုအပ်ပါသည်။ ထိုသို့ရှင်းလင်းပေးမှသာ ကွန်ပျူတာကိုမြန်ဆန်စွာအသုံးပြုနိုင်သကဲ့သို့ ကွန်ပျူတာကိုရေရှည် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ကွန်ပျူတာအတွင်းဖြစ်ပေါ်နေသည့် Error မျိုးစုံကိုရှင်းလင်းရန်အတွက် Software အသုံးမပြုပဲအချိန်ယူ၍ ရှင်းလင်းနိုင်သကဲ့သို့ အချိန်မပေးနိုင်ပါက Software အသုံးပြု၍ရှင်းလင်းပေးနိုင်ပါသည်။ ထိုသို့ ကွန်ပျူတာအတွင်းရှိ Error များကို ရှင်းလင်းရန် အတွက် Error Repair Professional Software ကိုအသုံးပြုနိုင်ပါသည်။ Error Repair Professional Software Version 3.7.8 မှာ 1.28 Mb ရှိပြီး Temporary IE , Temporary Files , Cookies , Advanced Privacy Threats Analysis , Obsolete Software အစရှိသဖြင့် Error အမျိုးအစားပေါင်း ၂၁ မျိုးကို Repair ပြုလုပ်ပေးနိုင်ပါသည်။ အပိုင်းအားဖြင့် Registry , Applications နှင့် Privacy Threats ဟူ၍ အပိုင်းသုံးပိုင်းခွဲခြားကာ ကွန်ပျူတာတွင်းရှိ Error များကို Repair ပြုလုပ်ပေးနိုင်ပါသည်။ ထို့အပြင် Registry Optimizer ပြုလုပ်ခြင်းနှင့် Backups ပြုလုပ်ခြင်းတို့ကိုပါ ပြုလုပ်နိုင်ပါသည်။
error-repair-professional-v3-9-6
error-repair-professional-v3-9-6
Software Install ပြုလုပ်ခြင်း
Error Repair Professional Software ကို Run ရန်အတွက် Setup File ကို Double Click နှိပ်ရပါမည်။ Run ပြီးသည့်နောက် အသုံးပြုရန် အတွက် Software ကိုဖွင့်လိုက်သည့်အခါတွင် အောက်ဖော်ပြပါပုံအတိုင်း Register ပြုလုပ်ရန်လိုအပ်ကြောင်းရေးသားထားသည့် Message ကိုတွေ့ မြင်ရပါမည်။ Register ပြုလုပ်ပေးမှသာလျင် Full Version အဖြစ်အသုံးပြု နိုင်မည်ဖြစ်ပြီး Software ၏စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ Serial Keys မရှိပါက ဒေါ်လာ ၃၀ ခန့် အကုန်ကျခံ၍၀ယ်ယူရမည်ဖြစ်ပါသည်။ Register ပြုလုပ်ရန် အတွက် Enter Registration Code ကို Click ပေးရပါမည်။
start reg
Register ပြုလုပ်ရန်စတင်ခြင်း
Enter Registration Code ကို Click ပေးလိုက်ပါက အောက်ဖော်ပြပါပုံအတိုင်း Registration ပြုလုပ်ရန်အတွက် Message ကိုတွေ့ မြင်ရ မည်ဖြစ်ပါသည်။ Register ပြုလုပ် ရန်အတွက် Your Name တွင်နှစ်သက်ရာအမည်ကို ထည့်သွင်းနိုင်ပါသည်။ Registration Code တွင် Serial Keys များကိုဖြည့်သွင်း၍ Ok ကို Click ရပါမည်။ Serial Keys ကို Setup File နှင့်အတူပူးတွဲ၍ .txt File ဖြင့်ထည့်သွင်းထားပါသည်။
2
Register ပြုလုပ်ခြင်း
ထည့်သွင်းလိုက်သည့် Serial Keys များမှန်ကန်ပါက အောက်ပါအတိုင်း Message ကိုတွေ့ မြင်ရမည်ဖြစ်ပြီး Full Version အဖြစ်အသုံးပြု နိုင်ပြီဖြစ်ပါသည်။
3
Register ပြုလုပ်ပြီးစီးလျင်တွေ့ ရမည့် Message
Software အသုံးပြုခြင်း
Software ကိုအသုံးပြုရာတွင် Main Page ၌ Temporary IE, Temporary Files, Cookies, Advanced Privacy Threats Analysis စသည်တို့ကိုတွေ့ မြင်ရမည်ဖြစ်ပြီး Scan Your Pc Now ကို Click ၍ ကွန်ပျူတာအတွင်းရှိ Error များကိုစစ်ဆေးနိုင်ပါသည်။ အားလုံးမ စစ်ဆေးပဲ စစ်ဆေးချင်သည့်အမျိုးအစားကိုသာ Select ပြုလုပ်၍ Scan ပြုလုပ်နိုင်ပါသည်။ Scan ပြုလုပ်၍ပြီးစီးပါက Error အမျိုးအစားအလိုက် အရေအတွက်ကိုတွေ့ မြင်ရ မည်ဖြစ်ပါသည်။ Error စုစုပေါင်းအရေအတွက်ကိုလည်း ဘယ်ဘက် Panel အောက်ခြေတွင် တွေ့မြင်ရပါသည်။ အဆိုပါ Error များကိုဖြေရှင်းရန်အတွက် Repair Error Now ကို Click ၍ ဖြေရှင်းရပါမည်။ Repair Error Now ကို Click လိုက်ပါက Error များကိုအလိုအလျောက် ဖြေရှင်းနေမည်ဖြစ်ပါသည်။
5
Error များကိုဖြေရှင်းခြင်း
ကွန်ပျူတာတစ်ခုလုံးကို Scan ပြုလုပ်၍ Error များကိုမဖြေရှင်းပဲ Registry ကိုသာ စစ်ဆေးလိုပါက ဘယ်ဘက် Panel အတွင်းရှိ Registry ကို Click ၍ ပြုလုပ်နိုင်ပါသည်။ ထို့အ ပြင် Privacy Threats နှင့် Applications များကိုလည်းတစ်ပိုင်းစီ စစ်ဆေး၍ Error များကိုဖြေ ရှင်းနိုင်ပါသည်။ Registry Optimizer ပြုလုပ်ရန်အတွက် အောက်ဖော်ပြပါပုံအတိုင်း Registry Optimizer ကို Click ၍ Optimizer Now ကို Click ၍ ပြုလုပ်နိုင်ပါသည်။ Back ပြုလုပ်ရာတွင် လည်း Create Backup နှင့် Restore Backup တို့ကို Click ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ Error Repair Professional Software နောက်ဆုံး Version များကိုအသုံးပြုလို ပါက About မှ Update Error Repair Pro ကို Click ၍ ပြုလုပ်နိုင်ပါသည်။ ထို့အပြင် Settings သို့ဝင်ရောက်၍လည်း နှစ်သက်သလိုပြင်ဆင်နိုင်ပါသည်။
7
Registry Optimizer ပြုလုပ်ခြင်း
Download  ချရန်
ကွန်ပျူတာသမိုင်း
ရှေးယခင်က ကွန်ပျူတာ ကို သတ်မှတ်ဖို့ ရန်အလွန်တရာမှခက်ခဲ ခဲ့ သည်။ယခုအချိန်တွင်မူကွန်ပျူတာကို အမည်အမျိုးမျိုး ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီဖြစ်သည်။ ယခုအချိန်တွင်မူကိရိယာများ (Devices) တော်တော်များများကို ကွန်ပျူတာ တပ်ပြီးခေါ်နေကြပြီဖြစ်သည်။အစောဆုံး ကွန်ပျူတာ သည် တွက်ချက်မှုပိုင်းကို ပေသီး(Abacus)များမှ စခဲ့သည်။ ပေသီးသည် ပထမဆုံးဂဏန်းပေါင်းစက် ပင်ဖြစ်သည်။ ပေသီးကို တရုတ်ပြည်တွင် စတင်အသုံးပြုခဲ့သည်။
အလယ်ခေတ်အရောက်တွင် ဥရောပ သချာင်္ နှင့် အင်ဂျင်နီယာ ပညာရှင် Wilhelm Schickard က ၁၆၂၃ခုနှစ် တွင် ပထမဆုံး စက်ပစ္စည်းနှင့်တွက်ချက်သောဂဏန်းပေါင်းစက်(Calculators) တစ်ခုကို တည်ဆောက်ခဲ့သည်။သို့သော်လည်းယခုခေတ်တွင် ၎င်း ကိရိယာDevice ကို ကွန်ပျူတာ လို့ခေါ်ဆို၍ မရတော့ပေ။အဘယ်ကြောင့်ဆို သော်၎င်းကိရိယာသည် Programmed ပါဝင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၁၈၀၁ ခုနှစ် တွင် Joseph Marie Jacquard သည် Textile ယက်ကန်းစက်ကို အခြေခံပြီး Punched Paper Cards Series ကို အသုံးပြုပြီး သူ့၏ ယက်ကန်းစက်ကို အလိုအလျှောက် အလုပ်လုပ်စေခဲ့သည်။ Jacquard ၏ ယက်ကန်းစက်မှ ရလဒ်သည် ကွန်ပျူတာ ဖြစ်ပေါ်တိုးတက်လာစေဖို့ရန် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၁၈၃၇ ခုနှစ် တွင် Charles Babbage သည် Programmable Mechanical Computer ကို စတင် Design ရေးဆွဲခဲ့သည်။ Analytical Engine ဟုအမည်ပေးခဲ့သည်။ ၁၈၉၀ ခုနှစ် အရောက် တွင်US Census က Punched Card အတွက် ကြီးမားသော Scale Automated Data Processing စွမ်းဆောင်ရည်ရှိအောင် Tabulating Machines ကို Herman Hollerith က Designed ရေးဆွဲခဲ့သည်။ Computing Tabulating Recording Corporation ( ယခုအခါ IBM ဖြစ်လာသည် ) က ထုတ်လုပ်ခဲ့ပါသည်။ ၁၉ ရာစု အကုန်အရောက် တွင်ကွန်ပျူတာ တွေဟာ အသုံးဝင်သောအရာတစ်ခုဖြစ်လာခဲ့သည်။ ကွန်ပျူတာ သည် လူတို့ အတွက်လိုအပ်နေပြီဆိုတာက သက်သေပြလိုက်ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Punched Card, Boolean Algebra , The Vacuum Tube (Thermionic Value) နဲ့ Teleprinter တွေဟာ ပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်သည်။၂၀ ရာစု အတောအတွင်းတွင် သိပ္ပံပညာသည် များစွာတိုးတက်မှုရှိလာခဲ့ပြီး Analog Computer များလည်း တိုးတက်ပေါ်ပေါက်ခဲ့သည်။ သို့သော်လည်း၎င်း ကွန်ပျူတာများသည် Programmable မဖြစ်သည့်အပြင် အခုခေတ် Digital ကွန်ပျူတာ များ၏ တိကျသော စွမ်းဆောင်ရည် များလည်းပါဝင်ခြင်းမရှိသေးပေ။ကျနော်ထပ်မံဖြန်ဝေလိုက်ပါတယ်သိကောင်းရာလေးတွေပါ
Intel ၏ တတိယမျိုးဆက် Ivy Bridge ကွန်ပျူတာများ



ကွန်ပျူတာ အလုပ်လုပ်ပုံ
ယေဘုယျသုံး ကွန်ပျူတာ တွင် အဓိက လေးမျိုးမှာ ဂဏန်း သင်္ချာ နှင့် လော့ဂျစ် အစိတ်အပိုင်း (arithmetic and logic unit)၊ ထိန်းချူပ် အစိတ်အပိုင်း (control unit)၊ မှတ်ဥာဏ်(Memory Device) နှင့် အသွင်း အထုတ် ကိရိယာ (I/O) များတို့ ဖြစ်သည်။ ၄င်း အစိတ်အပိုင်း တို့ကို ဝါယာကြိုးများ အတွဲလိုက်ဖြစ်သော ဘတ်စ် များ ဖြင့် တွယ်ချိတ်ထားသည်။


ထိန်းချုပ်ဌာန
ဗဟိုထိန်းချူပ် ဌာန (control unit, often called a control system or CPU) သို့မဟုတ် စီပီယူ သည် ကွန်ပျူတာ၏ အစိတ်အပိုင်း မျိုးစုံကို လမ်းဆောင်သည်။ ၄င်းသည် ပရိုဂရမ် ၏ ညွှန်ကြားချက်များကို တစ်ကြောင်းခြင်း ဖတ်ရှူ ပြီး အဓိပ္ပါယ် ပြန်သည်။ ထိန်းချူပ် ဌာနသည် အဆင့်မြင့်သော ကွန်ပျူတာများတွင် ၄င်းညွှန်ကြားချက် အစဉ်များကို မြန်ဆန်စေရန်အတွက် ခုန်ကျော် ဖတ်ရှူ ခြင်း လုပ်လေ့ရှိသည်။
ထိန်းချူပ် ဌာန ၏ အဓိက မှာ ပရိုဂရမ် ကောင်တာ၊ နောက် ညွှန်းကြားချက် ကို ဘယ်နေရာမှ ဖက်ရှူမည် ကို မှတ်သားထားသော အထူး သိုလှောင်ရာ ရာဂျစ်စတာ တို့ဖြစ်သည်။







Intel Processor ကုမ္ပဏီမှ တတိယမျိုးဆက်ဖြစ်သည့် Mobile Ivy Bridge Processor များကို စတင်ဖြန့်ချိခွင့်ပြုလိုက်သည်နှင့် တပြိုင်နက် ၎င်း Processor Chip အသုံးပြုထားသည့် Laptop များလည်း စတင်ထွက်ရှိလာပြီဖြစ်သည်။ လာမည့် လအနည်းငယ်အတွင်း Ivy Bridge Laptop Model အသစ်များစွာ ထွက်ရှိလာမည်ဟု ခန့်မှန်းနိုင်သည့်အပြင် Nvidia နှင့် AMD တို့ကဲ့သို့ Graphic Processor ကုမ္ပဏီများမှ လည်း ၎င်းတို့၏ Graphic Unit မော်ဒယ်အသစ်များ လိုက်လျောညီထွေစွာ မွမ်းမံထုတ်လုပ်သွားမည်ဖြစ်သည်။ ၎င်းမျိုးဆက် ကွန်ပျူတာမော်ဒယ်အသစ်များတွင် RAM 8GB ခန့်ကို စံတစ်ခုအနေဖြင့် ထည့်သွင်းလာဖွယ်ရှိပြီး SSD သို့မဟုတ် Harddisk နှစ်မျိုးသုံး မော်ဒယ်များဖြစ်လာနိုင်ပါသည်။



အဆိုပါ Ivy Bridge Processor များတွင် Intel ၏ နောက်ဆုံးပေါ်နည်းပညာ ဖြစ်သည့် Tri-Gate 3D transistor technology ကိုအသုံးပြုထားပြီး ယင်းနည်းပညာ ပေါ်ထွန်းလာခြင်းသည် Microprocessor များတီထွင်မှု သမိုင်းကို တစ်ခေတ်ဆန်းသစ်စေခဲ့ခြင်းဖြစ်ကြောင်း Intel မှ ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်း၏ ယခင် မော်ဒယ်ဖြစ်သော 32 Nanometer Process ဖြင့်တည်ဆောက်ထားသည့် Quad Core Sandy Bridge Processor တစ်လုံးတွင် Transistor ပေါင်း ၉၉၅ သန်းခန့် ပါရှိပြီး ယခုမော်ဒယ်အသစ် Quad Core Ivy Bridge Processor တစ်လုံးတွင် 22 Nanometer  ထိလျော့ချကာ Transistor သန်းပေါင်း ၁၄၀၀ ကျော် ထိပါရှိသည်။ အရွယ်အစားအားဖြင့်လည်း နဂို ၂၁၆ Square mm ရှိရာမှ ယခု ၁၆၀ Square mm ထိအောင် သေးကျုံ့သွားသည်။ အရွယ်အစားသေးငယ်သွားခြင်းသည် ပဓါနမကျလျင်ပင် Transistor အရေအတွက် များစွာပိုမိုပါဝင်လာခြင်းက တွက်ချက်မှု စွမ်းရည်ကိုများစွာ သာလွန်ကောင်းမွန် လာစေသည်။



Ivy Bridge Processor များသည် တွက်ချက်မှုစွမ်းရည် ပိုမိုမြင့်မားလာသည်သာမက ယခုထွက်ရှိလာသည့် Mobile Version Quad core Processor များသည် ပါဝါသုံးစွဲမှု ၂၀ ရာခိုင်နှုန်း ပိုမိုသက်သာပြီး နောက်ထပ်မံထုတ်လုပ်မည့် Ultra low Voltage Processor များတွင် ပို၍သက်သာမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ Processor များတွင် Graphic Processing အတွက် Intel HD 4000 နှင့် Intel HD 2500 ဟူ၍ သီးသန့်တွက်ချက်မှု စံနစ်ပါဝင်ကာ ယခင်က AMD နှင့် Nvidia Graphic Processor များနှင့်သာ အသုံးပြုနိုင်သည့် Direct-X 11 ကို Support ပြုလုပ်နိုင်သည်။ HD 4000 ပါဝင်သော Chip မော်ဒယ် အမျိုးအစားများသည် ၅၀ ရာခိုင်နှုန်းအထိသော်လည်းကောင်း HD 2500 ပါဝင်သော မော်ဒယ် အမျိုးအစား များသည် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိသော်လည်းကောင်း အသီးသီး စွမ်းဆောင်ရည် မြင့်လာမည်ဖြစ်သည်။ Multi Display အသုံးပြုနေသူများအတွက်လည်း သတင်းကောင်းအဖြစ် လက်ရှိ Display နှစ်ခု တစ်ပြိုင်တည်းအသုံးပြုနိုင်ရာမှ Display သုံးခုတစ်ပြိုင်တည်း အသုံးပြုနိုင်လာတော့မည် ဖြစ်သည်။

ဈေးကွက်အတွင်း အဆိုပါ Intel ၏ တတိယမျိုးဆက် Ivy Bridge ကွန်ပျူတာများကို Processor Series 3XXX အမည်များဖြင့် အလွယ်တကူ ခွဲခြားသိရှိနိုင်သည်။ ယခုထွက်ရှိလာသည့် Quad Core-i Processor များကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံသော ကွန်ပျူတာများအဖြစ် ရှုမြင်ထားနိုင်သကဲ့သို့ လာမည့် ဇွန်လတွင် ၎င်းတို့ထက် ပိုမို Power အသုံးပြုမှုသက်သာသည့် Dual Core-i Processor များလည်း ဆက်လက်ထွက်ရှိလာမည်ဖြစ်သည်။ ပထမဆုံး အသုတ်အဖြစ် ထွက်ရှိလာသည့် Ivy Bridge Processor အသုံးပြုထားသည့် Laptop မော်ဒယ်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါသည်။




Acer မှ V3 Series အဖြစ် ၁၄ လက်မ နှင့် ၁၅.၆ လက်မ Screen Size အရွယ်အစားရှိ Laptop Model နှစ်မျိုးကို ထုတ်လုပ်လိုက်ပါသည်။ နှစ်မျိုးစလုံးတွင် 2.3 GHz Core i7-3610QM Processor ကိုအသုံးပြုထားပြီး 8 GB RAM, Nvidia GeForce GT 640M graphics (2GB DDR3) နှင့်  750GB HDD တို့ပါရှိသည်။ ဈေးနှုန်းကို သင့်တင့်စွာ သတ်မှတ်ထားပြီး ၁၄ လက်မ မော်ဒယ်အတွက် စင်ကာပူဒေါ်လာ ၁၁၉၈ ဖြစ်သည်။ 






Asus တွင် N-Series Laptop များကို ၁၄ လက်မ ၁၅.၆ လက်မနှင့် ၁၇.၃ လက်မ အရွယ်အစားများဖြင့် တွေ့ရသည်။ ၁၇.၃ လက်မ အရွယ် N76VZ သည် External Subwoofer ပါဝင်ပြီး Nvidia GeForce GT 650M (2GB DDR3) Graphic Accelator ကိုအသုံးပြုထားကာ Full HD LED Display (1920x1080)  ဖြစ်သည်။

၁၅.၆ လက်မ အရွယ် N56VZ တွင် တူညီသော Graphic Accelator နှင့် (1366x768) Display အသုံးပြုထားသည်။ နောက်ဆုံး ၁၄ လက်မ အရွယ် N46VZ တွင် စွမ်းဆောင်ရည် အနည်းငယ် လျော့သည့် GeForce GT 635M ကိုအသုံးပြုထားသည်။  ၎င်း Series မော်ဒယ် အားလုံးတွင် Intel Core i7-3610QM (2.3GHz) processor ကိုအသုံးပြုထားသည်။ ထို့ပြင် Asus မှ သာမာန် Multimedia ဖျော်ဖြေရေးအသုံးအတွက် K45VM (၁၄လက်မ) နှင့် K55VM (၁၅.၆ လက်မ) မော်ဒယ်နှစ်မျိုးကိုလည်း ထပ်မံထုတ်လုပ်ထားပြီး GeForce GT 630M graphics နှင့် 1366x768 Display ကိုအသုံးပြုထားကာ Intel Core i7-3610QM (2.3GHz) processor ကိုပင် အသုံးပြုထားသည်။ ယခင်ထွက်ရှိထားသည့် Ultrabook Series များထဲမှ အချို့သော မော်ဒယ်များကိုလည်း Ivy Bridge Processor ဖြင့် မွမ်းမံတပ်ဆင်ကာ Update မော်ဒယ်များအဖြစ် လာမည့် ဇွန်လခန့်တွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း Online Shopping




နိုင်ငံတစ်ခုတွင် ဖွံ့ဖြိုးတိုးတက်သော ခေတ်နှင့်စံနစ်သို့ ပြောင်းလဲရောက်ရှိလာသည်နှင့်အတူ မပါမဖြစ် တွဲလျက်လိုက်ပါ လာရသည်က electronic commerce ခေါ် သတင်းနှင့်ဆက်သွယ်ရေး နည်းပညာသုံး စီးပွါးရေး အခြေပြုလုပ်ငန်းများ ဖြစ်သည်။ ကျယ်ပြန့်လှသည့် e-commerce လုပ်ငန်းများအတွင်းမှ အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသဖြစ်သည့် စိတ်ဝင်စားဖွယ် အင်တာနက်တွင် ဈေးဝယ်ခြင်း (သို့) ဈေးရောင်းခြင်း လုပ်ငန်းများအကြောင်း အနည်းငယ် ဖော်ပြလိုပါသည်။

အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း ဆိုသည်မှာ ပစ္စည်းရောင်းချသူနှင့် ပစ္စည်းဝယ်ယူသူအကြား ကြားတစ်ဆင့်ခံ ပြန်လည်ရောင်းချသူ မပါဘဲ တိုက်ရိုက် ဆက်သွယ် ရောင်းချနိုင်သည့် e-commerce ၏ အသွင်သဏ္ဍန်တစ်မျိုးပင်ဖြစ်သည်။ ထိုသို့သော တိုက်ရိုက် စားသုံးသူထံ ရောင်းချသည့် စံနစ်ကို Business-to-consumer (B2C) online shopping ဟုခေါ်ဆိုပြီး အကယ်၍ စီးပွားရေး လုပ်ငန်းစုတစ်ခုထံမှ အခြားစီးပွားရေး လုပ်ငန်းစုတစ်ခုက ၀ယ်ယူပါက Business-to-Business (B2B) online shopping ဟုခေါ်ဆိုသည်။




အကျိုးကျေးဇူးများ

အင်တာနက်မှ ရောင်းချသော ဆိုင်များသည် ၂၄နာရီပါတ်လုံး ဖွင့်လှစ်ထားရှိကာ အင်တာနက် အသုံးပြု၍ ရသည့်အချိန်တိုင်းတွင် ၀ယ်ယူနိုင်ပေသည်။ ရိုးရိုး စတိုးဆိုင်တစ်ခုသို့ သွားရောက်ဝယ်ယူခြင်းမှာမူ သွားရောက်ရမည့် ခရီးနှင့် ဆိုင်ဖွင့်ချိန်ကန့်သတ်ချက်တို့ ရှိနိုင်ပါသည်။ ထို့ပြင် အင်တာနက်မှ ဈေးရောင်းချသော ၀က်ဆိုက် များတွင် ကုန်ပစ္စည်း၏ အကြောင်းအရာ အသေးစိတ် ပြည့်ပြည့်စုံစုံကို ဖတ်ရှုနိုင်ခြင်း ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်ရှုနိုင်ခြင်း စသည်တို့အပြင် ယခင်က၀ယ်ယူအသုံးပြုဘူးသူများမှ ၎င်းတို့၏ ကုန်ပစ္စည်းအပေါ်ထင်မြင်ချက်များကို ရေသားထားသည်တို့ကိုလည်း လေ့လာကြည့်ရှုနိုင်ပါသည်။ ဖွံဖြိုးတိုးတက်သော နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းအများစုသည် ပြင်ပ အရောင်းဆိုင်များထက် အွန်လိုင်းမှ ၀ယ်ယူခြင်းက များစွာကုန်ကျစရိတ် လျော့ချနိုင်သည့်အပြင် ကမ္ဘာနှင့်အ၀ှမ်းဆက်ဆံနိုင်သဖြင့် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေကြသည်ကို တွေ့ရပါသည်။ အချို့သော ၀က်ဆိုက် အရောင်းဆိုင်များတွင် ပြင်ပအရောင်းဆိုင် များကဲ့သို့ အရောင်းကိုယ်စားလှယ်များနှင့် တိုက်ရိုက်စကားပြောဆိုနိုင်ခြင်း သို့မဟုတ် မိမိသိလိုသည့် အချက်အလက်များကို စာရေးသား၍ ဆက်သွယ်မေးမြန်းနိုင်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ၀န်ဆောင်မှုပေးခြင်းတို့ကို တွေ့နိုင်ပါသည်။

အင်တာနက်မှ ဈေးဝယ်ယူရန် လိုအပ်ချက်များအနေဖြင့် အင်တာနက်နှင့်ချိတ်ဆက်ထားသော ကွန်ပျူတာ တစ်လုံး သင်ဝယ်ယူလိုသည့် ၀က်ဆိုက်များမှလက်ခံနိုင်သည့် ငွေပေးချေမှုပုံစံတစ်မျိုးမျိုး နှင့် ၀ယ်ယူသည့်ပစ္စည်း လက်ခံရယူနိုင်သည့် စာတိုက်ဝန်ဆောင်မှုလက်လှမ်းမှီရာ လိပ်စာတစ်ခု ရှိရန်လိုအပ်ပါသည်။ ငွေပေးချေမှုပုံစံ တစ်မျိုးမျိုးဟုဆိုရာတွင် အွန်လိုင်းဈေးဝယ်သူအများစုသည် အကြွေးဝယ်ယူခွင့် ကဒ်များ (Credit Cards) ကိုအသုံးပြုကြပြီး အခြားသော ငွေပေးချေမှုပုံစံများအဖြစ် တယ်လီဖုန်းဘီလ်တွင် ထည့်သွင်းပေါင်းတွက်ခြင်း၊ Cash-On-Delivery (C.O.D) ခေါ် ပစ္စည်းပို့ဆောင်သည့် အချိန်တွင် ပေးချေခြင်း၊ ချက်လက်မှတ်ဖြင့် ပေးချေခြင်း၊ Debit Card ခေါ် အကြွေးဝယ်ခွင့်ကဒ်ပြားကဲ့သို့အသုံးပြုနိုင်ပြီး ငွေကြိုတင်ဖြည့်သွင်းထားရန် လိုအပ်သည့်ကဒ်ဖြင့် ပေးချေခြင်း၊ Gift Cards ခေါ် လက်ဆောင်ကဒ်များဖြင့် ပေးချေခြင်း၊ စာတိုက် Money Order ဖြင့်ပေးချေခြင်း တို့ဖြင့်လည်း အလျဉ်းသင့်သလို ပေးချေနိုင်ပါသည်။ 





အင်တာနက်မှဈေးဝယ်ယူရာတွင် သတိပြုရန် အချက်တစ်ချို့မှာ မိမိဝယ်ယူလိုသည့် ၀က်ဆိုက်သည် ခိုင်မာမှုရှိမရှိ (၎င်းကို အသုံးပြုဘူးသူများ၏ မှတ်ချက်များကို ကိုးကားနိုင်ပါသည်)။ မိမိ၏ တစ်ကိုယ်ရည် အချက်အလက်များ လုံခြုံရေးကို ဂရုပြုအလေးပေးခြင်းရှိမရှိ။ လုံခြုံရေးနှင့်ပါတ်သက်သည့် ပေါ်လစီများကို လိုအပ်၍ဖတ်ရှုလိုပါက ဖတ်ရှုနိုင်ခြင်းရှိမရှိ။ စတင်တည်ထောင်သည့်ခုနှစ်နှင့် ကုမ္ပဏီ မှတ်ပုံတင်ထားခြင်း ဆိုင်ရာ အချက်အလက်များကြည့်ရှုနိုင်ခြင်းရှိမရှိ။ အကယ်၍ပစ္စည်းပြန်လည်လဲလှယ်ရန်လိုအပ်ပါက မည်သို့ ဆောင်ရွက်ပေးမည်ကို အသေးစိတ်ပြဌာန်းထားချက်များ။ ၎င်းတို့ကိုဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ များ အပြည့်အစုံရှိမရှိ စသည်တို့ကို လေ့လာထားရန်လိုအပ်ပေသည်။

အချုပ်ဆိုသော် တိုးတက်ဖွံဖြိုးလာသော ခေတ်စံနစ်နှင့် လျော်ညီစွာ အွန်လိုင်း ဈေးဝယ်ခြင်း ယဉ်ကျေးမှု သည်လည်း ထွန်းကားကျယ်ပြန့်လာရတော့မည်ဖြစ်ရာ အန္တရယ်ကင်းစွာ လုံခြုံဘေးကင်းစွာဖြင့် အချိန်ကုန်သက်သာ ငွေကုန်သက်သာသော နိုင်ငံတွင်းသာမက အပြည်ပြည်ဆိုင်ရာနှင့်ပါ ချိတ်ဆက်၍ မိမိအလိုရှိရာ ရှာဖွေဝယ်ယူနိုင်သော အွန်လိုင်းဈေးကွက်ကြီးတစ်ရပ် အမြန်ပေါ်ထွန်းလာစေရန် ဆန္ဒပြုရေးသားလိုက်ရပါသည်။

မဂ္ဂဇင်းများ

UK နိုင်ငံမှ 2012 မေလထုတ် Stuff အဆင့်မြင့် နည်းပညာမြင့် အသုံးအဆောင်များ အကြောင်း သုံးသပ်ရေးသားသော မဂ္ဂဇင်း ဖြစ်သည်။ Apple မှ New iPad ထွက်ရှိပြီး တစ်လအကြာ သုံးသပ်ချက်များ၊ ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း ၂၀ စသည် စိတ်ဝင်စားဖွယ် ထွေထွေရာရာများပါဝင်သည်။

ဒေါင်းလုပ် လုပ်ရန်အတွက် Download ကိုနှိပ်၍ မီဒီယာဖားယားမှတစ်ဆင့် ကူးယူနိုင်ပါသည်။။

ဆိုဒ် - ၆၄ မက်ဂါဘိုက်

 


2012 မေလထုတ် Gadgets & Gizmos မဂ္ဂဇင်းဖြစ်သည်။ ခေတ်ပေါ် အသုံးအဆောင် ပစ္စည်းများအကြောင်း ရေးသားသော မဂ္ဂဇင်း ဖြစ်ပြီး ယခုလထုတ်တွင် မိုဘိုင်းဖုန်းများနှင့် Tablet PC များတွင် အသုံးပြုသော စိတ်ဝင်စားဖွယ် Application များအကြောင်း နောက်ဆုံးပေါ် ကင်မရာများတွင် Wi-fi စံနစ် ထည့်သွင်းပါဝင်လာပုံကို သုံးသပ် တင်ပြ ထားချက်များ နောက်ဆုံး ပေါ် တယ်လီဖုန်း မော်ဒယ် အချို့အကြောင်း သုံးသပ်ချက်များ နည်းပညာ ဆိုင်ရာ လူမှု ဘ၀ ဆိုင်ရာ ဆောင်းပါးများ စသည် စိတ်ဝင်စားဖွယ် အဖြာဖြာ ဖတ်ရှု ရမည် ဖြစ်သည်။


ဒေါင်းလုပ် လုပ်ရန်အတွက် Download ကိုနှိပ်၍ မီဒီယာဖားယားမှတစ်ဆင့် ကူးယူနိုင်ပါသည်။


ဆိုဒ် - ၃၃ မက်ဂါဘိုက်




2012 May လထုတ် PC Magazine ဖြစ်သည်။ Cover Story အနေနဲ့ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ကျဘဲ အသုံးပြုနိုင်တဲ့ အကောင်းဆုံး Free Software တွေအကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းသစ် သုံးသပ်ချက်များ အနေနှင့် Sony Alpha 77, Apple-TV, Nokia Lumia 900 တို့အပြင် နောက်ဆုံးထုတ် ကွန်ပျူတာ များအကြောင်း စသည်တို့ ဝေေ၀ဆာဆာ ဖတ်ရှုရမည်ဖြစ်သည်။ Software သုံးသပ်ချက်များ ကဏ္ဍတွင်လည်း Adobe Photoshop CS6, iPhoto for iPad, Spotify, Songza, Avast! Free antivirus 7 စသည်တို့အကြောင်း စုံစုံလင်လင် သုံးသပ်ရေးသားထားသည်။ စီးပွါးရေးလုပ်ငန်း လုပ်ကိုင်နေသူများ အတွက် အထူးကဏ္ဍ အနေဖြင့် Lexmark OfficeEdge pro 550 color Printer အကြောင်း Optoma TW610STi Projector အကြောင်း Lenovo Thinkstation D20 အကြောင်း စသည်တို့ လေ့လာဖတ်ရှုနိုင်သည်။ ထို့အပြင် ပေါ့ပေါ့ပါးပါး Mobile Application များအကြောင်း စိတ်ဝင်စားဖွယ် နည်းပညာအသစ်အဆန်းများ အကြောင်း ဂိမ်းဝါသနာရှင်များ အတွက် နောက်ဆုံးပေါ် ဂိမ်းများ သုံးသပ်ချက် တို့ကိုလည်း ရေးသားထားသည်။



ဒေါင်းလုပ် လုပ်ရန်အတွက် Download ကိုနှိပ်၍ မီဒီယာဖားယားမှတစ်ဆင့် ကူးယူနိ
fhင်kdfef

ကွန်ပျူတာ Network Engineer အလုပ် သင်ဝန်ထမ်း သင်တန်း ဖွင့်လှစ်မည်</a>
</h2>
<div class="article-tools clearfix">
<dl class="article-info">
 
<dd class="published">
02 May 2012&nbsp;&nbsp;|
</dd>
<dd class="createdby">
By Net Guide </dd>
</dl>
</div>
<div id="article_detail_view">
<p><img style="float: left;" alt="ကွန်ပျူတာ Network Engineer အလုပ်သင် 
ဝန်ထမ်း သင်တန်း ဖွင့်လှစ်မည်" src="/images/yyl/2012/5/2/n_2_32_8.jpg" height="221" width="350"> 
အရည်အချင်း ပြည့်ဝစွာ သင်ကြားနိုင်ရေး၊ ကျွမ်းကျင် ဝန်ထမ်းများ ဖြစ်ပေါ် လာစေရေးကို ဦးတည်၍ အလုပ်ခွင် 
အတွေ့အကြုံနှင့် သင်ယူ လေ့လာမှုကို တစ်ပြိုင်နက် ရရှိနိုင်မည့် ကွန်ပျူ တာNetwork Engineer အလုပ် သင်ဝန်ထမ်း
 သင်တန်း အမှတ်စဉ် (၉)ကို မေလတွင် NAWARAT မှ ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။</p>
<p>သင်တန်းကာလ အတွင်း သင်တန်းသားများသည် တူညီဝန် ထမ်းဝတ်စုံမှ အစ ဝန်ထမ်းတစ်ဦး ကဲ့သို့ နေ့စဉ်အ
လုပ်လုပ်ကိုင်ရ မည်ဖြစ်ပြီး အဆင့်မြင့် ပညာရပ် များကိုလည်း အချိန်ပိုင်း သင်ကြား သွားရမည်ဟု သိရသည်။</p>
<p>သင်ကြားရမည့် ဘာသာရပ် များမှာLong Distance Wireless Network တည်ဆောက်ပုံ၊ Wireless Router Setup, 
IP Camera, CCTV တပ်ဆင်အသုံးပြုပုံ၊ Windows Server 2003 မှစ၍ ISA Server, Mail Server, Exchange Server
 အကြောင်း၊Cafeezee, Internet Software အမျိုးမျိုး၏ှSetup နည်းပညာ များ၊ LAN Game Installation များဖြစ် ပါသည်။</p>
<p>သင်ကြားပုံ နည်းစနစ် အနေဖြင့် တစ်ဦးနှင့်တစ်ဦး ပူး ပေါင်းဆောင်ရွက်လိုစိတ်များ၊ အုပ် စုခေါင်းဆောင်များထံမှ
 အမိန့်နာခံ လိုက်နာတတ်မှု၊ စည်းကမ်းလိုက် နာမှုများ ဖြစ်ပေါ်လာစေရေး အ တွက် အုပ်စု(၃)စု အမှတ်ပေးစနစ် ဖြင့်
 ယှဉ်ပြိုင်လုပ်ကိုင်ရမည်ဖြစ်ပါ သည်။</p>
<p>ထို့ကြောင့် Practical A+ အောင် လက်မှတ်ကိုင်ဆောင်ထားပြီး လုပ် ငန်းခွင် အတွေ့အကြုံလို အပ်နေသူများ၊ 
Network Engineering ရရှိ လိုသူများအတွက် သင့်တော်သော သင်တန်းတစ်ခုဖြစ်ပြီး သင်တန်း ချိန် မနက်
 (၉) နာရီခွဲမှ ညနေ ၅ နာရီအထိ တစ်ပတ် ၆ ရက်ဖြင့် ၆လကြာ စခန်းသွင်း အထူးလေ့ ကျင့် ပေးသွားမည်ဟု သိရသည်။</p>
<p>အသေးစိတ် ထပ်မံသိရှိ စုံစမ်းလို သည်များရှိပါက ဖုန်း-ဝ၉-၇၃၀၃ ၂၃၃၃ နှင့် Program Director &amp; Lecturer
 ဦးမင်းသူဟန် ဖုန်း- ဝ၉ ၅၁၆ ၄၆၃၆ သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရှိရပါသည်။&nbsp;</p>

ကွန်ပျူတာသမိုင်း
ကွန်ပျူတာ အကြောင်းကို စဉ်းစားရအောင်။ ကွန်ပျူတာကို ဘယ်အချိန်ကတည်းက အသုံးပြုလာခဲ့သလဲ။
ဘယ်သူတွေ အသုံးပြုခဲ့လဲ။
ကွန်ပျူတာသည် ဒုတိယကမ္ဘာစစ် အတွင်းဆက်သွယ်ရေးအတွက် ရန်သူဖက်မှ သတင်းအချက်အလက်များကို ကာကွယ်ရန်စတင်အသုံးပြုခဲ့သည်။ ယင်းစက်များသည် စစ်ရေးအတွက် အထူးတီထွင်ထားခြင်းဖြစ်သည်။
                                                                 
 Abacus (တရုတ် ပေတီး)

ကွန်ပျူတာသည် ပေတီး (Abacus) မှ အခြေခံထားခြင်းဖြစ်သည်။











1976 Apple I

1980 ဇူလိုင်လ တွင် IBM နှင့် Microsoft တို့ပူပေါင်းပြီး ပထမဆုံး IBM Personal Computer စတင်ခဲ့သည်။ ယင်း ကွန်ပျူတာ၏ ထိန်းချုပ်မှုစနှစ်မှာ 16 bits processor နှင့် MS-DOS 1.0 ဖြစ်သည်။

GUI (Graphic User Interface) ပေါက်ဖွားလာခြင်း

1983 ခုနှစ်တွင် Apple company က ပထမဦးဆုံး GUI (Graphic User Interface) PC ထုတ်လုပ်သည်။ ယင်း ထိန်းချုပ်မှုစနစ်ကို Lisa ဟုခေါ်သည်။














ပထမဆုံး GUI (Lisa) Apple Computer

No comments:

Post a Comment